ခေါက်ထားနိုင်သော တီဗီများ မကြာမီလာတော့မည်


LG သည် စက္ကူတမျှ ပါးလွှာ သော တီဗီသစ် နှစ်မျိုးကို မိတ်ဆက် ပြသလိုက်ပြီ ဖြစ်သည်။ တီဗီမော်ဒယ်သစ် တစ်မျိုးသည် ပါးလွှာ ပျော့ပျောင်း လွန်းသဖြင့် လိပ်ထားလိုက်လျှင် အချင်း (၃) စင်တီမီတာသာ ရှိသော အလိပ် အနေအထားထိ ရောက်ရှိနိုင်ကြောင်း သိရသည်။

ဖန်သားပြင် လက်မ (၆၀) ရှိ မည့် လိပ်နိုင် ခေါက်နိုင်သော ဖန်သားပြင် ပါဝင်သော တီဗီမျိုး လာ မည့် ၂၀၁၇ ခုနှစ်တွင် စတင်ထုတ် လုပ်နိုင်မည်ဟု LG က ဆိုသည်။ ယခု နှစ်ဆန်းပိုင်းတွင် LG သည် CES အီလက်ထရောနစ်နှင့် လူသုံးကုန် ပစ္စည်းများပြပွဲ၌ ပထမဆုံးသော ပျော့ပျောင်းသည့် ဖန်သားပြင်တီဗီ ကို ပွဲထုတ် ပြသခဲ့သည်။

ပျော့ပြောင်းပြီး လိပ်နိုင် ခေါက်နိုင်သော ဖန်သားပြင်ပါသည့် တီဗီများကြောင့် ရုပ်သံကြည့်ရှုမှု ခေတ်တစ် မျိုးတစ်ဖုံ ပြောင်းလဲသွားမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်း ထားသည်။ အချင်း (၃) စင်တီမီတာ ရှိသော အလိပ်တစ်ခု အဖြစ်ထိ လိပ်ထားလိုက် သည့်တိုင် တီဗီရုပ်ထွက်ကို ထိခိုက်ခြင်းမရှိဘဲ ကောင်းမွန်စွာ ဆက်လက် ပြသနိုင်ကြောင်း တွေ့ရသည်။

ပျော့ပျောင်းပြီး ခေါက်လွယ် လိပ်လွယ်ရှိသော ဖန်သားပြင်များကြောင့် တီဗီများကို နေရာအမျိုးမျိုးတွင် လိုသလို တပ်ဆင်နိုင်သည့် အကျိုးကိုလည်း ရမည်ဖြစ်သည်။ 


Source: BBC
The Messenger

No comments:

Post a Comment