Samsung Glaxy Grand GT-I9082 သုံးတဲ့ကိုကိုမမတွေအတွက် မြန်မာစာအသင့်ပါပြီးသား Firmware လေးတင်ပေးလိုက်ပါတယ်။တစ်ခုကြိုပြောချင်တာကတော့ ကျွမ်းကျင်မှသာတင်ကြဖို့ပါ။မိမိရဲ့အားနည်းချက်တစ်ခုကြောင့် Firmware တင်ရင်းဖုန်းတစ်ခုခုဖြစ်သွားရင်တော့ အနော်တို့တာဝန်မဟုတ်ပါ။Do as your own risk ပဲနော်။ကဲစလိုက်ရအောင်.......
အရင်ဆုံး ဖုန်း Driver လေးကို ဒီမှာ ဒေါင်းလိုက်ပါ။ပြီးရင်တော့ ဒီဖိုင်လေး GT I9082 Firmware ကိုဒေါင်းလိုက်ပါ။ဒေါင်းလို့ရထားတဲ့ဖိုင်လေးကို extract လုပ်လိုက်ပါ။ပြီးရင် odin ကို ဒီမှာ ဒေါင်းယူလိုက်ပါ။

ဒေါင်းတဲ့ကိစ္စတွေပြီးပြီဆိုရင် odin ကို run လိုက်ပါ။ဖုန်းကိုပိတ်လိုက်ပါ။ဖြစ်နိုင်ရင်ဓါတ်ခဲကို ခနလောက်ထုတ်ပြီးပြန်ထည့်ပေးပါ။ပြီးရင် volume down+menu+power ကိုနှိပ်ပြီး download mode ၀င်ပါ။ download mode ၀င်လိုက်ပြီဆိုတာနဲ့ odin ကဖုန်းကို သိပြီဆိုရင် အ၀ါရောင်လေးပေါ်လာပါလိမ့်မယ်။ဒါဆိုရင်တော့ firmware တင်ဖို့အသင့်အနေအထားကိုရောက်နေပါပြီ။ကိုယ်နဲ့မဆိုင်တာတွေကိုဘာမှသွားမလုပ်ပါနဲ့။ PDA ဆိုတဲ့နေရာမှာ click တစ်ချက်နှိပ်လိုက်ပါ။ပြီးရင်ခုနကဒေါင်းထားတဲ့ firmware ဖိုင်ထဲက MD5 ဖိုင်လေးကိုလမ်းကြောင်းပေးပြီးရွေးပေးလိုက်ပါ။ရွေးပေးပြီးရင်တော့ start ကိုနှိပ်ပေးလိုက်ပါ။ဖုန်းကိုတတ်နိုင်သမျှငြိမ်နေအောင်ထားပါ။ဒီအချိန်ကအရေးကြီးပါတယ်။မတော်တဆကြိုးလွတ်သွားရင်error တက်ပြီးတော့ power dead ဖြစ်သွားတတ်ပါတယ်။firmware တင်တာပြီးသွားရင်တော့ ဖုန်းဟာသူ့ဟာသူ ပိတ်ပြီးပြန်ပွင့်လာပါလိမ့်မယ်။ပထမဆုံးစတက်တဲ့အချိန်မှာနည်းနည်းကြာတတ်ပါတယ်။နည်းနည်းသည်းခံစောင့်ပါ။ပြန်တက်လာပြီဆိုရင်တော့
အလန်းစားမြန်မာစာပါပြီးသား firmware လေးနဲ့လန်းနိုင်ပါပြီဗျာ။အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်........

0 comments:

Post a Comment

အကယ်ဒမီ...☺☺~☻~☺☺ ...မှ ... လေ့လာထားသမျှလေးများကို .... ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်..... မိတ်ဆွေ...♥♥♥♥♥ .... အားလုံးက... လိုအပ်တာလေးတွေရှိရင် ဝေဖန်ပေးကြပါဂျာ...☺☺~☻~☺☺
- See more at: http://www.helperblogger.com/2012/04/automatic-recent-posts-slider-with.html#sthash.FljYgVJl.dpuf