ဖတ်ကြည့်ပေးပါ ခင်ဗျာ ....
အားလုံးကို ကြိုဆိုလျှက် ..... အကယ်ဒမီ မှ .... ကျွန်တော်တို့ သိထားသမျှလေးများကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် .... သိပြီးသူများအတွက် မထူးခြားပေမဲ့... မသိသေးသူများအတွက်တော့ အသုံးဝင်မယ်လို့ ကျွန်တော်တို့ဆိုဒ်မှ... ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်.....
လမ်းညွန် မြေပုံ
အကယ်ဒမီ တည်ရှိရာ...လမ်းညွှန်မြေပုံတင်ပေးလိုက်ပါတယ် .... အားလုံးကို ဖိတ်ခေါ်ပါတယ်... ဓါတ်ပုံ ၊ ဗီဒီယို ၊ အလှဓါတ်ပုံအမျိုးမျိုး ၊ ပတ်စပို့ပုံ ၊ မိတ္တူ ... ကွန်ပျူတာနှင့်ပတ်သက်သော Case ... Project ...များကို လူကြီးမင်းတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါသည်....
10:11 AM
Black Devil
12:39 AM
Black Devil
5:41 AM
sanwynnhtet
မင်္ဂလာပါခင်ဗျာ။အနော်က နည်းပညာလေ့လာသူပါ။အနော်တတ်သိသမျှကိုပြန်ဝေမျှချင်ပါတယ်
Windows မှာ Shared Folder စွမ်းဆောင်ချက်ပါရှိပြီး ကွန်ပြူတာမှ ဖိုင်များ၊ဖိုဒါများကို Android , iPad နဲ့ iPhone များမှာ အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းက ကွန်ပြူတာမှ ဗီဒီယိုများနဲ့ ဖိုင်များကို အခြား Device များမှ ကြိုးမဲ့ ဆက်သွယ်မှုဖြင့် ကြည့်ရှု အသုံးပြုနိုင်တဲ့အတွက် အလွန်အဆင်ပြေတဲ့ နည်းဖြစ်ပါတယ်။
Windows တွင် ဖိုဒါကို Share ပြုလုပ်နည်း
-----------------------------------------------
Control Panel ကို ဖွင့်ပြီး Network and Internet အောက်မှ Choose Homegroup and sharing option ကို နှိပ်ပါ။ Change advanced sharing settings ကို နှိပ်ပါ။ File and printer sharing အောက်မှ Turn on file and printer sharing ဆိုတဲ့ Option ကို ရွေးချယ်ပြီး Save changes ကို နှိပ်ပါ။
Advanced sharing settings အောက်မှာပဲ Local Network ထဲမှာ ရှိတဲ့ Device တွေကို ယုံကြည်ရင် Password မလိုဘဲ ဖိုင်များ Share လုပ်နိုင်ဖို့ သတ်မှတ်နိုင်ပါတယ်။
File and printer sharing ကို Enable လုပ်ပြီးရင် File Explorer or Windows Explorer ကိုဖွင့်ပြီး Share လုပ်ချင်တဲ့ ဖိုဒါပေါ်မှာ Right Click နှိပ်ပါ။ Properties ကိုနှိပ်ပြီး Sharing Tab အောက်မှ Share ကို နှိပ်ပါ။ ဒါဆိုရင် အဲဒီဖိုဒါကို Network ထဲမှ Device များမှာ အသုံးပြုနိုင်ပါပြီ။
အဲဒီဖိုင်များကို မိုဘိုင်းဖုန်းများမှာ ရယူအသုံးပြုနိုင်ဖို့ ဖုန်းများဟာ တူညီတဲ့ ၀ိုင်ဖိုင် Network တစ်ခုထဲမှာ ရှိရပါမယ်။ မိုဘိုင်းဖုန်းများရဲ့ Mobile Data ကို အသုံးပြုလို့မရပါဘူး။
ဝင်းဒိုးကွန်ပြူတာမှ Shared Folder ကို Android မှာ အသုံးပြုနည်း
Android မှာ Windows Shared Folder ကို အသုံးပြုနိုင်တဲ့ File Manager App မပါရှိပါဘူး။ ဒီလိုပြုလုပ်ပေးနိုင်တဲ့ File Manager App များစွာရှိပေမယ့် ES File Explorer ကို အသုံးပြုပါမယ်။
ES File Explorer ကို Android Device မှာ အင်စတော လုပ်ပြီးရင် Menu ခလုတ်ကို နှိပ်ပါ။ Network ကို တစ်ချက်နှိပ်ပြီး LAN ကို နှိပ်ပါ။
Scan ခလုတ်ကို နှိပ်ရင် ၀င်းဒိုးကွန်ပြူတာမှ Share လုပ်ထားတဲ့ ဖိုင်များကို Scan လုပ်ပါလိမ့်မယ်။ ပြီးရင် သင့်ကွန်ပြူတာရဲ့ IP Address ကို ပြပေးပါလိမ့်မယ်။ သင့်ကွန်ပြူတာရဲ့ IP Address ကို တစ်ချက်နှိပ်ပါ။ ၀င်းဒိုးကွန်ပြူတာမှာ Setup လုပ်တဲ့အခါမှာ Username နဲ့ Password သတ်မှတ်ထားရင် အဲဒါတွေကို ပြန်ထည့်ပေးပါ။
ပြီးရင် ၀င်းဒိုးကွန်ပြူတာမှ Share လုပ်ထားတဲ့ ဖိုင်များ၊ ဖိုဒါများကို တွေ့မြင်အသုံးပြုနိုင်ပါပြီ။ ဖိုင်များကို Android သို့ ကော်ပီကူးနိုင်သလို ဗီဒီယိုများကိုလည်း Android မှာ ကြည့်ရှုနိုင်ပါပြီ။
ဝင်းဒိုးကွန်ပြူတာမှ Shared Folder ကို iOS မှာ အသုံးပြုနည်း
iOS မှာတော့ FileExplorer Free ကို အသုံးပြုပါမယ်။ App ကို ဖွင့်ပြီး + Button ကိုနှိပ်ပါ။ Windows ကို နှိပ်ပါ။
FileExplorer က Local Network မှာရှိတဲ့ ကွန်ပြူတာနာမည်များကို ပြသပေးမှာဖြစ်ပြီး သင့်ကွန်ပြူတာကို တစ်ချက်နှိပ်ပါ။ Username, Password သတ်မှတ်ထားရင် ဖြည့်ပေးပါ။
iOS ဟာ ဖိုင်စီမံခန့်ခွဲတဲ့ အပိုင်းမှာ Android လောက် မစွမ်းဆောင်နိုင်ပါဘူး။ ဒါပေမယ့်လည်း ၀င်းဒိုးမှ Share လုပ်ထားတဲ့ ဗီဒီယိုများကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီး နှစ်သက်ရာ App နဲ့ ဖွင့်ကြည့်ဖို့ Open In စွမ်းဆောင်ချက်ပါရှိပါတယ်။
ဝင်းဒိုးကွန်ပြူတာမှာ ဖိုင်များကို Network ထဲမှာ မျှဝေနိုင်တဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ အဲဒီအတွက် Third-Party Windows Program များကို အသုံးပြုစရာမလိုဘဲ ၀င်းဒိုးမှ ဖိုင်များကို Android , iPhone နဲ့ iPad များမှာ ကြိုးမဲ့ ဆက်သွယ်မှုဖြင့် ရယူအသုံးပြုနိုင်ပါတ
Ref::::::Myanmar Digital Life Journal
(###SWH###)
2:09 AM
Black Devil
Smart ဖုန်းတွေမှာ
လိုင်းဆွဲအား နည်းတဲ့နေရာကို ရောက်သွားရင် intana
တပ်ပုံလေးပြလိုက်ထှာ ဟိုးအရင်ကလည်း
ပြောဖူးပါဒယ်
လိုင်းမကောင်းတာကို ကောင်းအောင်
လုပ်ပေးနိုင်မှာမဟုတ်ပါဘူး signal
သိပ်မမိတော့တဲ့ အခါ အခုလို တပ်နိုင်အောင်ပါ
အာ့ intana အပေါ်က်ကလေးက
snart phone တိုင်းမှာပါပါတယ်
battery cover ကို ခွါလိုက်တာနဲ့
အာ့ အပေါက်လေးကို ရှာကြည့်လို့ရပါတယ်
တချို့ကျတော့ အတွင်းထဲမှာပဲပါပီး
cover နဲ့ ပိတ်ထားလို့မမြင်ရပါဘူး
တချို့ကျတော့ cover ကို့နေရာမှာ
ဖောက်ပေးထားပါတယ်
အာ့လိုဖောက်ပေးထားရင်
battery covery ကို ချွတ်
Coil ကြိုး အနေတော်လေးကို
အဖျားနားကို ဓါးလေးနဲ့ ချစ်ထုတ်လိုက်
ကော်တေပျက်သွားအောင်ပါ ပြီးရင်
Coil လေးကို အာ့ အပေါက်ထဲက ကြေးနီ ပိုက်အလည်ခေါင်ကို
စိုက်လိုက်ပီ ပြုတ်မထွက်အောင် တိတ်နဲ့ ယာယီထိမ်းထားလိုက်
ပီးမှ ထို COIL လေးကို BATTERY အဖုန်းနဲ့ ဖိပီး ပိတ်ထားလိုက်ပါ
ဖုန်းရဲ့ အပြင်ဘက် 4လက်မလောက်
ထွက်အောင် အရှည်ကိုထုတ်ထားလိုက်ပါ
ဒါဆိုရင်တော်တော်လေးအဆင်ပြေသွားမှာပါ။
ကိုဇော်သွင်(နည်းပညာ)"
11:18 PM
Phoe Chann (YDNP)
( ဒါကတော့ Samsung / Android / Apple ဖုန်းတွေမှ မဟုတ်ပါဘူး Root ထား Jailbreak လုပ်ထားသောဖုန်းများ OTA Update ယူပါက ဖြစ်လေ့ဖြစ်ထရှိတတ်ကြတဲ့ ပြသနာတွေဖြစ်ပါတယ် ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေလိုက်ပါတယ် )
ညီအစ်ကိုမောင်နှမတို့ခင်ဗျ။ ဒီ Postကကျနော်ဆရာလုပ်တာမဟုတ်ပါဘူး။ ကျနော်သိထား၊ ကြုံဖူးတာလေးပြန်လည်ဝေမျှတာပါ။ သိပြီးသားညီအစ်ကိုတွေကကျော်သွားပါခင်ဗျ။ For Beginnersတွေအတွက်ပါခင်ဗျ။
အခုတလော ဒီGroupမှာရော ကျနော့်သူငယ်ချင်းတွေဆီမှာရော Android 4.4.2 Kikat OTA Updateရကြပါတယ်။ OTA Updateရတာ၊ မြှင့်တာမဆန်းပေမယ့် မြှင့်ပြီးနောက်ပိုင်း ဖုန်းက Freezeဖြစ်တာတို့၊ Touch မှာလေးလံလာတာတို့၊ System Appsတွေ FCဖြစ်တာတို့၊ Gappsတွေ FCဖြစ်တာတို့၊ Add Account functionမှာ Gmail Accountထည့်လို့မရတော့တာတို့၊ 3rd Party Appsတော်တော်များများ Crashဖြစ်တာတို့၊ Batteryအကုန်မြန်တာတို့၊ Battery Charging လုပ်တာအရင်ကထက်နှေးလာတာတို့၊ RAMပိုင်းမှာ App Usageတွေသာမန်ထက်ပိုများတာတို့၊ Camera မှာ Modeတွေမပေါ်တာတို့၊ Galleryမှာ FC (သို့) Cacheများပြီးဟန်းနေတာတို့၊ Music Playerမှာ audio fileတွေဖွင့်မရတာတို့၊Equalizerအလုပ်မလုပ်တော့တာတို့၊ Video Playerမှာ အရင်Android Versionမှာဖွင့်လို့ရတဲ့Video Fileတွေက အခုဖွင့်ကြည့်တော့File isn't supportedဆိုပြီးAlert boxပြတာတို့၊ အစရှိသဖြင့် errors, bugs, lagsတွေတက်တတ်ပါတယ်။
Deverlopersတွေတိုက်တွန်းထားတာက OTA Firmware Updateလုပ်ပြီးတိုင်း Full Factory Resetလုပ်ပါလို့ဆိုလိုပါတယ်။ ကျနော်တို့ Samsungကတော့ Original Recovery Modeပါသည့်အတွက် CWMတွေ TWRPတွေထပ်မံထည့်သွင်းဖို့မလိုပါ။ ကလိချင်သူများကတော့ အဲဒီRMတွေလိုအပ်တယ်ဆိုတာသိပြီးသားဖြစ်မှာပါ။
တချို့တွေက Phone Settingထဲကနေ Factory Resetလုပ်လို့မရဘူးလားလို့မေးပါတယ်၊ လုပ်လို့တော့ရပါတယ်၊ လုပ်တာများရင် Firmware's damaged ဖြစ်ရင်ဖြစ်၊ Ex-SD Card's Damagedဖြစ်ရင်ဖြစ်၊ တခြားမမျှော်လင့်ထားတဲ့ Errorsတွေပေါ်ပေါက်လာမှာပါ။ ဒါကြောင့် RMထဲဝင်ပြီး Wipe Data( Full Factory Reset)လုပ်ရမှာပါ။ အဲဒီ့နည်းက Errorအကင်းဆုံးပါပဲ။
Wipe Dataက System, Dalvik Cache, Cache, Data, In-Storageကိုformat & deleteလုပ်မည်ဖြစ်ပါ၍ Dataများကို အရင်ဆုံး ကြိုက်နှစ်သက်ရာ Softwareဖြင့် Back Upလုပ်ထားပါခင်ဗျ။
ပထမဆုံး RMဝင်နည်းကတော့
-PhoneကိုShut down လုပ်ပါ။
-လုံးဝpower off ပြီးသည်အထိစောင့်ပေးပါ။
-ပြီးရင် *Vol Up+Home+Power* buttonကိုဖိနှိပ်ထားပါ။
-Samsung Logo ပေါ်လာရင် Power Buttonတစ်ခုတည်းကိုသာ ဖိနှိပ်ထားရာမှလွှတ်လိုက်ပါ။
-ကျန်သော buttons *Vol Up+ Home*ကိုတော့ RMမပေါ်မချင်း ဖိနှိပ်ထားရမှာဖြစ်ပါသည်။
-RMဝင်သွားပါလိမ့်မည်။
-အပေါ်အောက်သွားခြင်းကို Vol+/- နဲ့လုပ်ရ၍ Selectကိုတော့ Power Buttonနဲ့လုပ်ရမှာပါ။
Wipe Data လုပ်နည်း
-အရင်ဆုံး Wipe Cacheကိုလုပ်ပါ။ (errorကင်းဖို့အတွက်ပဲဖြစ်ပါသည်။)
-ပြီးလျှင် Wipe Data (Factory Reset)ကိုလုပ်ပါ။
-Factory Resetလုပ်ခြင်းပြီးဆုံးသွားပါပြီ။
-Reboot System Now ကိုရွေးပါ။
-Restartကျသွားပါမည်။
-Settle Downဖြစ်ရန်အတွက် စိတ်ရှည်ရှည်လေးထားပြီးစောင့်ပါ။
-ပြီးလျှင် phone၏သတ်မှတ်ချက်အဆင့်ဆင့်များကိုသာဆက်လက်လုပ်ဆောင်သွားလိုက်ပါ။
ဒီနေရာမှာ OTA Firmware Update Installation Fails အကြောင်းပြောချင်ပါသေးတယ်။
-Battery အားနည်းနေချိန်တွင် Installလုပ်ခြင်း
-OTA Updateဒေါင်းနေစဉ်အတွင်း ခဏ ခဏပြတ်ကျနေခြင်းဖြင့် Packageတွေ errorတက်ခြင်းကြောင့်ဖြစ်ခြင်း
-မိမိ၏Devicesတွေ Original Recovery Modeမရှိခြင်း
-KernelကCustomဖြစ်နေခြင်း
-BLU ဖြစ်နေခြင်း (BLU=Bootloader Unlock)
အဲဒီလိုအခါမျိုးဆိုရင် OTA Firmware Update installation Fails ဖြစ်ပါလိမ့်မယ်။
Rootဖောက်ထားသောPhonesတွင် OTA Firmware Updatesရအောင်လုပ်နည်း (Tricks)များလည်းရှိပါသည်။ Note 3တွင်မစမ်းရသေးပေမယ့် Note 2, Tab Plus, Grand, S2, S3 အစရှိသော Old Devicesများပေါ်တွင် ကျနော်စမ်းကြည့်တော့ Okပါသည်။ OTA Update လုပ်ပြီးရင် Rootမပျက်အောင် OTA Root Keeperလည်းသုံးလို့ရပါသည်။ တခြား 3rd party Appsများလည်းသုံးလို့ရပါသည်။
Firmwareကိုအတင်အချပြုလုပ်ခြင်း (သို့) တစ်နေ့တည်း Build Numberမတူ Regionမတူ Firmwareများကို Phoneပေါ်တွင် Flashခြင်း၊ Custom Firmware တင်သည့်နေရာတွင်မှားခြင်း၊ Factory Resetချခြင်းကြောင့်ဖြစ်ခြင်း (FR ကြောင့်ဖြစ်တာအလွန်နည်းပါသည်။) ဤသို့ပြုလုပ်ပါကကျိန်းသေပေါက်အောက်ပါပြဿ နာများဖြစ်ပွားတတ်ပါသည်။ ( ကျနော်ထိခံဖူးလို့ပါ။ )
-Out Of Service ( Lost IMEI or Changed IMEI No.) Prob
-Softbrick
-Hardbrick
-Bootlooping
-Out Of Service (Lost IMEI or Changed IMEI No.) Prob
ဆိုသည်မှာ Callingမရ၊ Messagingမရ၊ Internetမရ၊ Network Lostဖြစ်တာပါ။
ဖြေရှင်းနည်း
-မူရင်းphoneရဲ့ latest Regional Firmwareကိုပြန်ပြီးodinနဲ့ဖြစ်ဖြစ်၊ Kiesနဲ့ဖြစ်ဖြစ်Flashပါ။ (ဥပမာ- THLအလုံးဆိုရင် THL Firmwareပေါ့)
-တချို့ဖုန်းတွေက Pit file၊ တချို့ဖုန်းတွေက Modem Fileကိုပြန်Flashရင်ရပါတယ်။
-Softbrick Prob
ဆိုသည်မှာ Screenပေါ်တွင်အမည်းရောင်ပဲပေါ်နေခြင်း (သို့) Kiesနဲ့ပြန်လည်ချိတ်ဆက်ပြီး Firmwareကိုပြန်ပြင်ခိုင်းနေတဲ့ပုံ ပေါ်နေပါမည်။ ထိုအချိန်တွင် PCကိုဖုန်းနှင့်ချိတ်ဆက်သောလည်း PCက not recognizedပြနေပါမည်။ ထို့နည်းလည်းကောင်းပဲ Odinမှာလည်းပြနေပါမည်။
ဖြေရှင်းနည်း
Kiesနဲ့Firmware recovery (သို့) Firmwareပြန်တင်လို့ရပါသည်။ ဒါမှမဟုတ် Developersတွေ၏ Softbrickဖြေရှင်းနည်းနဲ့လည်းရပါသည်။
Hardbrick Prob
ဆိုသည်မှာ ကျနေ့်အတွေ့အကြုံအရ powerလုံးဝတက်မလာတော့ပါ။
ဖြေရှင်းနည်း
Batteryကိုဖြုတ်ပီး Hard Resetချကြည့်လို့ ရရင်ရ မရရင် Boxနဲ့နှိုးရပါလိမ့်မည်။ အဲဒါမှမရင် boardတစ်ခုလုံးလဲချင်လဲ၊ (သို့) အသစ်တစ်လုံးပြန်ဝယ်ရပါလိမ့်မည်။
Bootlooping Prob
ဆိုသည်မှာ *Stuck On Logo* ( Samsung Logoတွင်ပဲ တဝဲဝဲ တလည်လည်ဖြစ်နေခြင်း) ဖြစ်ပါသည်။
ဖြေရှင်းနည်း
-Phone ကို Shut down လုပ်၊ 20 secစောင့်၊ Batteryထုတ်ပြီး Hard Resetချကြည့်ပါ။ မရရင် RM ထဲဝင်ပြီး Wipe Data လုပ်ကြည့်ပါ။ အဲဒါမှမရရင် Kies (သို့) Odin နဲ့ Firmwareကိုသာပြန် flashလိုက်ပါ။
ကိုယ်ကသေချာထဲထဲဝင်ဝင်ဖုန်းအကြောင်းမကျွမ်းကျင်ရင် မစမ်းပါနဲ့လို့တိုက်တွန်းချင်ပါတယ်။ စမ်းကြည့်ချင်တယ်ဆိုလည်း သက်ဆိုငရာကျွမ်းကျင်သူနဲ့သေချာတိုင်ပင်ပြီး စမ်းကြည့်ကြပါ။
Credit : Djjoe Man
12:30 AM
Phoe Chann (YDNP)
Credit : #MyanmarMarketEconomy







