Phone နဲ့ပတ်သတ်တဲ့အမေးအဖြေလေးတွေပါ။အရမ်းကြီးစုံစုံလင်လင်မဟုတ်တောင်.. တော်တန်ရုံကြုံတွေ့ရတဲ့ ပြဿနာ တွေ အားလုံးကိုတော့ ခြုံငုံမိမှာပါ။ အားလုံး အဆင်ပြေဖို့အတွက်
တွေ့ရှိသလောက်ကို ကူးယူဖော်ပြထားပါတယ်။
iPhone မှာ Lock code လည်းဖြည်ထားတယ် ဖုန်းလည်းပြောလို့ရတယ်။ ဒါပေမယ့်
အခြား Application တွေထည့် လို့မရတာ ဘာကြောင့်ပါလဲ။?
iPhone မှာ Lock code ကိုဖြည်ထားရုံနဲ့ Application တွေ ထည့်လို့
မရနိုင်ပါဘူး။ တခါတလေမှာ Lock code ဖြည်ထားတာက ဖုန်းပြောလို့ရရုံအတွက် Sim
Card Lock ကိုပဲ ဖြည်ထားတာပါ။ အဲဒါကြောင့် ဖုန်းပဲပြောလို့ရတာပါ။
အခြား iPhone Application တွေကို ထည့်ချင်တယ် ဆိုရင်တော့ ဖုန်းကို modified
လုပ်သလိုမျိုး jailbreak ပြန်လုပ်မှ ရပါမယ်။ ဒါမှ Application တွေကို
ထပ်ထည့်နိုင်မှာပါ။
CDMA 450 တွေမှာ ဘာကြောင့်ဘက်ထရီက ကြာကြာမခံတာလဲ?
CDMA 450 တွေမှာ ဘက်ထရီကြာကြာမခံတာကတော့ သူဖုန်းမှာပါတဲ့ နဂိုဘက်ထရီကိုက
အဲလိုဖြစ်နေတာပါ။ ဘက်ထရီ သိပ်မကောင်းပါဘူး။ အဲ့ဒါအပြင် CDMA 450 က
လိုင်းဆွဲအားပြင်းပါတယ်။ အဲဒီအတွက်ကြောင့် သူက GSM ထက် ဘက်ထရီ ပိုစားပါတယ်။
အဲဒါကြောင့် ကြာကြာမခံတာပါ။
Sony Ericsson ဖုန်းတွေမှာပါတဲ့ Face Detection စနစ်ဆိုတာဘာပါလဲ။?
Sony Ericsson ဖုန်းတွေရဲ့ ကင်မရာတွေမှာပါတဲ့ Face Detection
ဆိုတဲ့စနစ်ကတော့ ဓါတ်ပုံရိုက်တဲ့နေရာမှာ ဓါတ်ပုံရိုက်ခံသူတွေ
တစ်ဦးချင်းစီရဲ့မျက်နှာတွေကို ကြည်လင်ပြတ်သား ရှင်းလင်းအောင်
ပြုလုပ်ပေးတဲ့ စနစ် တစ်ခုပါ။ အဲဒီ function နဲ့ မျက်နှာတွေကို
ဖမ်းယူနိုင်ပါတယ်။
ဖုန်းခေါ်လိုက်ရင် လိုင်းမ၀င်ဘဲ voice mail message ထားခဲ့ဖို့ပဲပြောနေတာ
ဘာကြောင့်ပါလဲ။?
ဖုန်းခေါ်လိုက်ရင် လိုင်းမ၀င်ဘဲ voice mail message ထားခဲ့ဖို့ပြောနေတာကတော့
ဖုန်းက ဆက်သွယ်မှုပြင်ပ ရောက်နေရင် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တခါတလေမှာ
ဖုန်းမှာပါတဲ့ voice mail service ကြောင့်လည်း ဖြစ်တတ်ပါတယ်။
Encryption Key ဆိုတာဘာပါလဲ။?
ဖုန်းတွေမှာပါတဲ့ Encryption Key ဆိုတာကတော့ ဖုန်းမှာပါတဲ့ ဖုန်း memory
နဲ့ card memory ကိုပိတ်တဲ့ function တစ်ခုပါ။ အဲဒီ function
ကိုအသုံးပြုပြီးတော့ memory ကို password ပေးပြီး ပိတ်ထားနိုင်မှာဖြစ်
ပါတယ်။ ဒါပေမယ့် အဲဒီလိုပိတ်တဲ့နေရာမှာတော့ code တွေက အရေးကြီးပါတယ်။ Code
မေ့သွားမယ်ဆိုရင် ဘာမှပြန်လုပ်လို့ရမှာ မဟုတ်တော့ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဒီ function က ရိုးရိုး password ပေးပြီး ပိတ်တာထက်
ပိုပြီး security ကောင်းလို့ပါ။
ဖုန်းထဲမှာပါတဲ့ Tunning Control ဆိုတဲ့စနစ်ကဘာပါလဲ။?
ဖုန်းထဲမှာပါတဲ့ Tunning Control ဆိုတဲ့စနစ်ကတော့ ဖုန်းကို လှုပ်လိုက်တာနဲ့
ဖုန်းလာနေရင်ဖြစ်စေ၊ ဖုန်းကို Alarm ပေးထားရင်ဖြစ်စေ ပိတ်သွားနိုင်မယ့်
function တစ်ခုပါ။ သူ့ကိုသုံးချင်တယ်ဆိုရင်တော့ ဖုန်းရဲ့ Tunning Control
ထဲမှာ silent call ကိုသွားပါ။ အဲဒီထဲကမှ ON/OFF နဲ့ Snoozing call ဆိုတာ
ရှိပါတယ်။
ON လုပ်လိုက်ရင် ဖုန်းအ၀င်ရော Alarm တွေကိုပါ ပိတ်ပေးမှာဖြစ်ပါတယ်။
ဒါပေမယ့် ဖုန်းကို ထိရုံ လှုပ်ရုံ လေးနဲ့ တော့ မရပါဘူး။ သူက screen
မှာရှိတဲ့ Accelerometer Sensor ကို အခြေခံထားတဲ့အတွက် ဖုန်းရဲ့ screen ကို
လည်သွားအောင် လုပ်လိုက်မှ ရပါမယ်။
ဖုန်းထဲမှာ Antivirus တွေကိုအမြဲ Run ထားရင်ဘာဖြစ်တတ်ပါသလဲ။?
ဖုန်းထဲမှာ Antivirus တွေကို Run ထားရင် ၀င်လာတဲ့ Virus တွေကို သူက စစ်ပေး၊
သတ်ပေးနေမှာပါ။ ဒါပေမယ့် အဲလို Run ထားတဲ့အတွက် စက်ရဲ့ process တွေ
လေးလံသွားပါတယ်။ အမြဲတမ်း Run မထား သင့်ပါဘူး။ တရက်တခါ မဟုတ်ရင်
တပတ်တခါလောက်မှပဲ Run သင့်ပါတယ်။
5800 ဖုန်းတွေမှာ Wallpaper လုပ်ရင် ဘာကြောင့် အပြည့်မပေါ်ပဲ ပုံကတစ်ဝက်
တပျက် ဖြစ်နေရတာလဲ။?
5800 ဖုန်းတွေမှာ Wallpaper တွေ လုပ်တဲ့အခါမှာ Screen အပြည့်မပေါ်ဘဲ တ၀က်
တပျက်ဖြစ်နေရတာက တော့ ဖုန်းရဲ့ Display Pixel နဲ့
ကိုယ်တင်လိုက်တဲ့ပုံရဲ့ဆိုက်က မညီလို့ဖြစ်ရတာပါ။
Barcode ဆိုတဲ့ Function က ဘာလဲ။?
Barcode ဆိုတဲ့ Function ကတော့ Code တွေကို ဖတ်တဲ့စနစ်တစ်ခုပါ။ သူကတော့
ဖုန်းအတွက် ၀က်ဘ်ဆိုက်တွေမှာ ဆော့ဖ်ဝဲတွေ ဂိမ်းတွေကို ရှာတဲ့နေရာမှာ
အဲဒါတွေအတွက် Download လုပ်မယ် ဆိုရင် Download လုပ်စရာမလိုဘဲ Application
အတွက် ဖိုင်မှာပါတဲ့ Barcode ကိုဖုန်းမှာပါတဲ့ Barcode function နဲ့
တိုက်ရိုက်ဖတ်ပြီး ထည့်နိုင်ဖို့အတွက် လုပ်ပေးထားတဲ့စနစ်တစ်ခုပါ။
Credit : #MyanmarMarketEconomy
Credit : #MyanmarMarketEconomy
0 comments:
Post a Comment