ခေါင်းစဉ်ကိုကြည့်ပြီးတော့ အားလုံးပဲစိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။တတ်နိုင်သလောက်ရှင်းရှင်းလင်းလင်းဖြစ်အောင် ရေးပြသွားမယ်နော်။လိုက်လုပ်ကြည့်ကြပေါ့။အရင်ဆုံး www.appyet.com ကို ၀င်လိုက်ပါ။Sign up ကိုနှိပ်ပြီး လိုအပ်တာလေးတွေဖြည့်ပေးလိုက်ပါ။


အကောင့်ရသွားပြီဆိုရင်တော့ မိမိအီးမေးလ်နဲ့ password ကိုအသုံးပြုပြီး Sign in လုပ်လိုက်ပါ။ပြီးရင်တော့ Creat App ကိုသွားပါ။
ညာဖက်ကော်လံက Appyet V2 ကိုရွေးပေးပါ။ပြီးရင်အောက်မှာ ဖြည့်စရာသုံးခုရှိပါတယ်။အပေါ်ဆုံးက မိမိ apk ရဲ့ နာမည်ပါ။ကျနော်ကတော့ ကျနော့်ဘလော့အတွက် အကယ်ဒမီ(နည်းပညာ)လို့ ထည့်ပေးလိုက်ပါတယ်။ဒုတိယတစ်ခုကတော့ package name ပါ။များသောအားဖြင့်တော့ package name ကို ကိုယ့်ဝက်ဘ်ဆိုက်လိပ်စာရဲ့ပြောင်းပြန်ပေးတတ်ကြပါတယ်။ဥပမာ ကျနော့်ဘလော့က academytcl.com ဆိုပါစို့။ဒါဆို com.academytcl လို့ package name မှာ ထည့်ကြပါတယ်။ဒီလောက်ဆို ဘယ်လိုထည့်ရမယ်ဆိုတာ သိလောက်ရောပေါ့နော်။လာပါပြီ ခေါင်းစားတဲ့အပိုင်း။
တတိယအကွက်လေးမှာတော့ ကျနော်တို့က မိမိတို့ site ရဲ့ Rss Feed ကိုအရင်ထုတ်ယူရပါမယ်။ထုတ်ပုံထုတ်နည်းလေးနဲနဲရှင်းပြပါမယ်။

အရင်ဆုံး Firefox ကိုဖွင့်လိုက်ပါ။address bar ဘယ်ဘက်ဘေးက ကမ္ဘာလုံးပုံလေးကို နှိပ်ပေးလိုက်ပါ။ပြီးရင်ပုံထဲမှာပြထားတဲ့အတိုင်း More information ကိုနှိပ်ပေးလိုက်ပါ။



ပြီးရင်တော့ Feed ကိုရွေးပါ။Atom ဖြစ်ဖြစ်၊RSS ဖြစ်ဖြစ်ရွေးပေးပြီး Subcribe ကို နှိပ်ပေးပါ။

ပြီးရင်တော့ address bar ထဲက link လေးကို copy ယူလိုက်ပါ။ဒါဆိုရင် feed ထုတ်ယူပြီး ဖြစ်သွားပါပြီ။ခုနက appyet page ကို ပြန်သွားပါ။ခုနကတတိယအကွက်လေးထဲမှာ paste လုပ်ချလိုက်ပါ။ပြီးရင်တော့ Creat App လုပ်လိုက်ပါတော့။အဲ...တစ်ခုပြောစရာရှိတာက facebook group တွေ page တွေရဲ့ feed ထုတ်တာတော့ ပုံစံနဲနဲကွာပါတယ်။facebook က တိုက်ရိုက် feed ထုတ်ယူခွင့်မပေးထားပါဘူး။အောက်မှာ facebook group နဲ့ page ကို ဘယ်လို feed ထုတ်ယူရမယ်ဆိုတာကို ဆက်ရှင်းပြသွားပါမယ်။ခုတော့ blog apk ဖန်တီးတာလေးဆက်မယ်နော်။



change icon ဆိုတဲ့နေရာမှာ မိမိ apk ရဲ့ ပုံလေးကိုစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ပြီးရင်တော့ save changes ပေါ့။အဲဒါပြီးရင် Settings ကိုသွားပါ။




အဲမှာ feedback email မှာ မိမိပို့ခိုင်းစေချင်တဲ့ email address ကိုထည့်ပေးလိုက်ပါ။help link မှာတော့ မိမိဆိုက်လိပ်စာ ဒါမှမဟုတ် facebook လိပ်စာ ကြိုက်ရာထည့်နိုင်ပါတယ်။ပြီးရင် save changes ပေါ့။
အားလုံးပြီးပြီဆိုရင်တော့ ညာဖက်အစွန်ဆုံးက Build ကို နှိပ်လိုက်ပါ။ခနနေရင် ခုနထည့်ပေးလိုက်တဲ့ email ကို appyet ကနေ မေးလ်တစ်ခုပို့ပါလိမ့်မယ်။အဲထဲမှာပါတဲ့ attachment ထဲကနေ apk ကိုဒေါင်းယူပြီး ထည့်သွင်းအသုံးပြုလို့ရသွားပါပြီ။

ပို့စ်ကတော်တော်လေးရှည်သွားရင် တောင်းပန်ပါတယ်။ခုဆက်ပြီးတော့ group အတွက် feed ထုတ်ယူနည်းလေးဆက်ပြောပါမယ်။
https://apps.facebook.com/groups_to_rss/
ပေးထားတဲ့လင့်ကိုဝင်ပါ။မိမိမန်ဘာဝင်ထားတဲ့ group တွေအကုန်ပေါ်လာပါမယ်။apk ဖန်တီးမယ့် group ကို click လိုက်ပါ။ပြီးရင် address bar က link ကို copy ယူလိုက်ပါ။အဲဒါ feed လင့်ပါပဲ။

ခုနောက်ဆုံး Facebook Page အတွက် feed ထုတ်ယူနည်းလေးပြောပါမယ်။
http://www.juliusdesign.net/rssfanpage/
ပေးထားတဲ့ လင့်ကိုနှိပ်လိုက်ပါ။ပြီးရင် မိမိ page ရဲ့ ID နံပါတ် ကိုယူပြီးထည့်ပေးရပါမယ်။page ကိုဖွင့်လိုက်ပါ။address bar ထဲမှာ www.facebook.com/pagename/ID No./...
အဲလိုပုံစံမျိုးလေး တွေ့ရမှာပါ။အဲထဲကနေ ID No. ကို ကော်ပီယူပြီးတော့ ခုနပေးထားတဲ့လင့်ကိုနှိပ်လိုက်လို့ ပေါ်လာတဲ့ စာမျက်နှာထဲက အကွက်လေးထဲ ထည့်ပေးလိုက်ပါ။ပြီးရင် RSS ကိုနှိပ်လိုက်ပါ။ID No. က ၁၅ လုံးလောက်ရှိပါမယ်။RSS ကိုနှိပ်လိုက်ရင် အောက်မှာ မိမိရဲ့ page ပေါ်လာပါမယ်။ဟုတ်မဟုတ်သေချာစစ်ပါ။တကယ်လို့ အောက်မှာ မိမိ page မပေါ်လာဘူးဆိုရင် ID No. မှားနေလို့ပါ။ပြန်စစ်ဆေးပြီး ပြန်ထည့်ပါ။မှန်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်း View RSS ဆိုတာလေးကိုနှိပ်ပေးပါ။


ပြီးရင်တော့ address bar ကနေလင့်ကော်ပီယူပြီး appyet စာမျက်နှာက feed ထည့်ရမယ့်နေရာမှာ ထည့်ပေးလိုက်ပါ။ဒါဆိုအဆင်ပြေသွားပါပြီ။ကျနော်ရေးပြထားတာကို နားလည်မယ်လို့လဲထင်ပါတယ်နော်။ပို့စ်ကြီးကအရမ်းရှည်သွားလို့ sorry ပါ။အဆင်မပြေတာရှိရင် မန့်ခဲ့ကြပါခင်ဗျာ......

အားလုံးကိုလေးစားလျှက်
>>>Black Devil<<<



0 comments:

Post a Comment

အကယ်ဒမီ...☺☺~☻~☺☺ ...မှ ... လေ့လာထားသမျှလေးများကို .... ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်..... မိတ်ဆွေ...♥♥♥♥♥ .... အားလုံးက... လိုအပ်တာလေးတွေရှိရင် ဝေဖန်ပေးကြပါဂျာ...☺☺~☻~☺☺
- See more at: http://www.helperblogger.com/2012/04/automatic-recent-posts-slider-with.html#sthash.FljYgVJl.dpuf